မုန်တိုင်းထဲ၌တည်ရှိနေသူ
ကျွန်ုပ်တို့အသင်းတော်မှ လူခြောက်ဦးရှိသည့်မိသားစုတစ်စု၏အိမ် မီးလောင်သွားသည်။ ဖခင်နှင့်သားဖြစ်သူတို့ သက်ရှင်ကျန်ခဲ့သော်လည်း ဖခင်ကို ဆေးရုံတင်ထားရပြီး သူ့ဇနီး(မိခင်)နှင့် ကလေးငယ်နှစ်ဦးတို့ သေဆုံးခဲ့သည်။ ၀မ်းနည်းဖွယ် ဤသို့သောရင်နင့်ဖွယ် ဖြစ်ရပ်များက ထပ်တလဲလဲ ဖြစ်ပျက်နေသည်။ ထိုအခါ အဘယ်ကြောင့် လူကောင်းများ အပေါ် ကြမ္မာဆိုးများ ကျရောက်ရသနည်းဆိုသည့် မေးခွန်းဟောင်းကြီးကို မေးကြပြန်သည်။ ထိုမေးခွန်းအတွက် အဖြေအသစ် မရှိသဖြင့် ကျွန်ုပ်တို့လည်း မအံ့သြတော့ပါ။
သို့သော်လည်း ၄၆ ခုမြောက်သောဆာလံမှ ဆာလံဆရာဖော်ပြသည့် “ဘုရားသခင်သည် ငါတို့ခိုလှုံရာ ဖြစ်၍ ခွန်အားကိုပေးတော်မူ၏။ ဘေးရောက်သည်ကာလ အထူးသဖြင့် ကူမတော်မူကြောင်း ထင်ရှားလျက်ရှိ၏” (း၁) ဟူသည့် ကျမ်းချက်မှာ အကြိမ်ကြိမ် ကြားရသော၊ ထပ်ခါထပ်ခါ လေ့ကျင့်ရသော၊ ထပ်တလဲလဲ ဖက်ယမ်းရသော သမ္မာတရားဖြစ်သည်။ အပိုဒ် ငယ် ၂-၃ ၌ ဖော်ပြသည့်အခြေအနေမှာ ၀ရုန်းသုန်းကားပင်။ ကမ္ဘာကြီးနှင့် တောင်များရွေ့သွားပြီး ပင်လယ်လှိုင်းတံပိုးတို့ ပြင်းထန်စွာ…
ထိန်းချုပ်ခံရလည်း တိတ်ဆိတ်မနေပါ
၁၉၆၃ ခုနှစ် နွေရာသီတွင် လူမှုအခွင့်အရေးအတွက် လှုပ်ရှားသူ ဖဲန်နီလောင်ဟာမား နှင့် အခြားလူ အပေါင်းအပါ ၆ ဦး တို့သည် တစ်ညလုံး ဘတ်စ်ကားစီးလာပြီး နောက် မစ်စ္စစပီပြည်နယ် ဝီနိုနားဒေသ စားသောက်ဆိုင်တစ်ခုတွင် နံနက်စာစားရန် ရပ်နားကြသည်။ ဥပဒေရဲအရာရှိများက ၎င်းတို့ကို မောင်းထုတ်ပြီးနောက် သူတို့ ဖမ်းဆီး ခံရပြီး ထောင်ချခံလိုက်ရသည်။ သို့သော် ထိုသို့ မတရား ဖမ်းဆီးမှုအားဖြင့် အရှက်ခွဲဖိနှိပ်မှုက မပြီးသွားပါ။ ၎င်းတို့ အားလုံး ပြင်းထန်စွာ ရိုက်နှက်ခံရပြီး ဖဲန်နီက အဆိုးဝါးဆုံး ခံရသည်။ သေလုမတတ် အရိုက်ခံရပြီးနောက် သူမကို ပစ်ထားချိန်တွင် သူမထံမှ သီချင်းသံထွက်ပေါ်လာသည်။ “ပေါလုနှင့်သိလတို့ အကျဉ်းချခံရပြီး၊ ကျွန်ုပ်တို့၏လူများကို သွားခွင့်ပြုပါ’’ ဟူသည့် သီချင်းကို သူမတစ်ဦးတည်း မဆို၊ ခန္ဓာကိုသာ ချုပ်ထိန်းနိုင်ပြီး စိတ်ဝိညာဉ်ကို မချုပ်ထိန်းနိုင်သော အခြားအကျဉ်းသားများကလည်း ဖဲန်နီနှင့်အတူ…
ဘုရားသခင်၏ အံ့ဖွယ်လက်တော်
နယူးယောက်မှ ဆန်အန်တိုနီယိုသို့ ထွက်ခွာသည့် လေယာဉ်သည် ထွက်ခွာပြီး မိနစ် ၂၀ အကြာတွင် ပြဿနာတက်တော့သည်။ လေယာဉ်၏စက်တစ်လုံး ချို့ယွင်းသွားပြီး စက်မှ လွင့်စင်ထွက်လာသည့် အပိုင်းအစက လေယာဉ်မှန်ပြတင်းကို ထိမှန်ပြီး ပျက်စီးသွားသဖြင့် အလုံပိတ်လေယာဉ်၏ဖိအားကို လျော့ကျသွားစေသည်။ ခရီးသည် များစွာတို့ ထိခိုက်ဒဏ်ရာရပြီး တစ်ဦးသေဆုံးသွားသည်။ ရေကြောင်း တိုက်လေယာဉ်မောင်းသူအဖြစ် လေ့ကျင့် သင်တန်း တက်ဖူးသူ လေယာဉ်မှူးသာ ငြိမ်ဝပ်စွာဖြင့် လေယာဉ်ကို မထိန်းနိုင်ခဲ့လျှင် အခြေအနေ ပိုဆိုးသွား မည်ပင်။ ဒေသထုတ်သတင်းစာ၌ ထိုအကြောင်းကို “အံ့ဖွယ် လက်ထဲ၌” ဟူသည့် ခေါင်းစဉ်ဖြင့် သတင်းပါလာသည်။
ဆာလံ ၃၁ တွင် ဒါဝိဒ်သည် ထာဝရဘုရား၏ အံ့ဖွယ်သော ဂရုပြုတော်မူသော လက်တော်အကြောင်းကို သူသိကြောင်း ဖော်ပြခဲ့သည်။ ထိုသို့သိခြင်းကြောင့် “အကျွန်ုပ်၏ဝိညာဉ်ကို ကိုယ်တော်လက်၌ အပ်ပါ၏” ဟု (း၅) စိတ်ချမှုဖြင့် သူပြောနိုင်ခဲ့သည်။…
အားသစ်လောင်းသည့် ခွန်အား
ကျွန်ုပ်အသက် ၅၄ နှစ်တွင် ပန်းတိုင်အရောက်ပြေးရန်နှင့် ၅ နာရီအတွင်း ပန်းဝင်ရန် ရည်မှန်းချက် ၂ ချက်ဖြင့် မီဝေါကီးမာရသွန် အပြေးပြိုင်ပွဲဝင်ခဲ့သည်။ ဒုတိယ ၁၃.၁ မိုင်ကို ပထမတစ်ပိုင်းကဲ့သို့ ချောမွေ့စွာ ပြေးနိုင်ခဲ့လျှင် ကျွန်ုပ်၏စံချိန်က အံ့မခန်း ဖြစ်ကောင်း ဖြစ်လိမ့်မည်။ သို့သော် ပြိုင်ပွဲက အလွန်ခက်ခဲပင်ပန်းခဲ့ပြီး ကျွန်ုပ်မျှော်လင့်သည့် ပြန်လည်ဆန်းသစ်သည့် ခွန်အား မရှိခဲ့ပါ။ ကျွန်ုပ်ပန်းဝင်ချိန်၌ ကျွန်ုပ်၏ပုံမှန်ခြေလှမ်းက အလွန်နာကျင်သောခြေလှမ်း ဖြစ်ခဲ့သည်။
ပြန်လည်ဆန်းစစ်သည့် ခွန်အားကို ခြေလျင်အပြေး ပြိုင်ပွဲများတွင်သာ လိုအပ်သည် မဟုတ်ပါ။ ဘဝပြိုင်ပွဲများ တွင်လည်း လိုအပ်ပါသည်။ ပင်ပန်းနွမ်းလျသူများအနေဖြင့် သည်းခံနိုင်ရေး ဘုရားသခင်၏ခွန်အားပေးမစမှုကို လိုအပ် သည်။ ဟေရှာ ၄၀း၂၇-၃၁ တွင် ရှေ့ဆက်သွားရန် ခွန်အားလိုနေသူများကို နှစ်သိမ့်ရန်နှင့် အားပေးနိုးဆော်ရန် ပရောဖက်ပြုချက်ကို ကဗျာဆန်ဆန် လှပစွာ ဖွဲ့နွဲ့ရေးဖွဲ့ထားသည်။ ဟေရှာယက မောပန်းနွမ်းနယ်လျက်…
တောက်ပသောအလင်းတန်းများ
၂ဝ၁၅ ခုနှစ်၏နွေရာသီတွင် ကျွန်တော်တို့ အသင်းတော်အဖွဲ့သည် ကင်ညာ နိုင်ငံ၊ နိုင်ရိုဘီ မြို့၊ မက်သဲ ဆင်ခြေဖုံးဒေသတွင် မြင်ခဲ့သောမြင်ကွင်းကြောင့် အလွန်စိတ်မကောင်းဖြစ်ခဲ့ရသည်။ ညစ်ပတ်ပေကျံနေသောကြမ်းခင်း၊ သံချေး တက်နေသော သံနံရံများ၊ ဝါးခုံတန်းရှည်လေးများရှိသော ကျောင်းသို့ ကျွန်တော်တို့ သွားရောက်ခဲ့ကြခြင်းဖြစ်သည်။ သို့သော် ထိုသို့အလွန် နှိမ့်ကျသည့် ပတ်ဝန်းကျင် နောက်ခံနှင့် ဆန့်ကျင်ဘက် လူတစ်ယောက်မှာ တစ်မူထူးခြား နေပါသည်။
သူ့နာမည်မှာ Brilliant ဖြစ်ပြီး သူ့ထက် ထိုနာမည်နှင့် လိုက်မည့်သူ ရှိမည်မဟုတ်ပါ။ သူသည် ၀မ်းမြောက်ခြင်းကို ပိုင်ဆိုင်လျက် အမှုတော်မြတ်အတွက် အစေခံရန် စိတ်ပိုင်းဖြတ်ထားသည့် စိတ်ထက်သန်သော မူလတန်းပြ ဆရာမတစ်ဦး ဖြစ်သည်။ ရောင်စုံဝတ်စုံနှင့် ကလေးများကို ဝမ်းပန်းတသာ သင်ကြားပြသ အားပေးနေသည့် သူ၏ပုံပန်းသဏ္ဌာန်မှာ ရင်သပ်ရှုမောဖွယ်ကောင်းလှသည်။
သူ၏ပတ်ဝန်းကျင်သို့ ဆရာမ Brilliant ဆောင်ကြဉ်းလာသော တောက်ပသော အလင်းများသည် ဖိလိပ္ပိမြို့ရှိ…
မားမာက မှတ်ထားသည်
Madeline Harriet Orr Jackson Williams ၏နာမည်မှာ ရှည်လျားသည်၊ ထိုထက် သူ့အသက်က ပို၍ရှည်သည်။ သူသည် အသက် ၁၀၁ နှစ်ရှိပြီး ခင်ပွန်းသည် နှစ်ဦးထက်ပို၍ အသက်ရှည်သည်။ ခင်ပွန်းသည်နှစ်ဦးလုံးမှာ တရားဟောဆရာများ ဖြစ်သည်။ Madeline သည် ကျွန်တော်၏အဘွားဖြစ်ပြီး သူ့ကို Momma (မားမာ)ဟု ကျွန်တော်တို့ခေါ်ကြသည်။ သူ၏ဒုတိယခင်ပွန်းနှင့် အခြား တစ်နေရာသို့ မပြောင်းရွှေ့မီ အချိန်အထိ ကျွန်တော်တို့ မောင်နှမတစ်သိုက်သည် အဘွား အိမ်၌ အတူနေခဲ့ပြီး သူနှင့် ရင်းနှီးကျွမ်းဝင်ခဲ့သည်။ ထို့နောက်တွင် သူသည် ကျွန်တော် တို့နှင့် မိုင် ၅၀ ပင် မဝေးသည့်အရပ်၌ နေထိုင်ခဲ့သည်။ ကျွန်တော့်အဘွားသည် ဓမ္မသီချင်းများကိုသီဆိုသူ၊ နှုတ်ကပတ်တော် တရားဓမ္မများကို ရွတ်ဆိုသူ၊ စန္ဒယားတီးသူ၊ ဘုရားကို ကြောက်ရွံ့ သည့် အမျိုးသမီးတစ်ဦးဖြစ်သည်။ သူ၏ ယုံကြည်ခြင်းက…
ကျွန်ုပ်တို့လက်ကို ကိုယ်တော်ကိုင်စွဲမူ၏
တနင်္ဂနွေနေ့က ဘုရားကျောင်း၌ ကလေးမလေးတစ်ဦးသည် ဘုရားကျောင်းလှေကားကို စူးစမ်းသည်။ သူက ချစ်စရာကောင်းပြီး ရဲတင်းသည်။ လွတ်လပ်စွာ ပြုမူသည်။ အသက်က ၂ နှစ်မျှသာရှိမည်။ သူက လှေကားထစ် တစ်ထစ်ပြီးတစ်ထစ် ဆင်းလာသည်။ လှေကားတစ်လျှောက် ဆင်းလာရန်က သူ့အလုပ်၊ အောက်သို့ သူအောင်မြင်စွာ ရောက်လာသည်။ သတ္တိရှိပြီး လွတ်လပ်စွာဖြင့် သူလုပ်ချင်ရာ လုပ်ရဲသည့် ကလေးမလေးကို ကျွန်တော်ကြည့်ပြီး ပြုံးမိသည်။ စောင့်ကြည့်နေသည့် သူမိခင်၏အကြည့်က သူ့ထံမှ မလွဲ၊ ထို့ပြင် သူ့ကို ကူညီစောင်မမည့် မိခင်လက်ကလည်း အဆင်သင့်ရှိနေခြင်းကြောင့် သူမကြောက်ပါ။ ဤမြင်ကွင်းက မသေချာမရေရာသော လောကဘဝအလယ်၌ ကျင်လည် နေရသည့် သူ၏သားသမီးများကို ကူညီမစရန် ဘုရားသခင် အဆင်သင့်ရှိနေခြင်းကို ထင်ဟပ်ပြနေပါသည်။
ယနေ့ဖတ်ရန် ကျမ်းပိုဒ်တွင် လက်နှစ်မျိုးကို ရည်ညွှန်းထားသည်။ သူ့လူတို့ကို မကြောက်ရန်၊ အားမလျော့စိတ်မပျက်ရန် သတိပေးလျက် ‘‘ငါ့သစ္စာလက်ျာလက်ဖြင့် ထောက်ပင့်မည်’’…
အလင်းကိုဖွင့်လျက် အသက်ရှင်နေထိုင်ခြင်း
အလုပ်တာဝန်ဖြင့် ကျွန်တော်နှင့် ကျွန်တော့်လုပ်ဖော်ကိုင်ဖက်တို့ မိုင် ၂၅၀ ဝေးသောခရီးကို သွားခဲ့ရပြီး အလုပ်ပြီးချိန်တွင် အိမ်အပြန်နောက်ကျခဲ့သည်။ အသက်ကြီးလာ၍ မျက်စိမှုန်လာခြင်းတို့ကြောင့် ညဘက် ကားမောင်းရသည်မှာ ကျွန်တော်အတွက် အနည်းငယ်ခက်ခဲသည်။ သို့သော် အရင် စမ်းမောင်းကြည့်ရန် ဆုံးဖြတ်လိုက်သည်။ ကားစတီယာရင်ကို လက်ဖြင့် သေချာစွာ ဆုပ်ကိုင်ထားပြီး မျက်စေ့ကလည်း မှုံဝါးဝါးလမ်းမ ကို သေချာစွာ စူးစိုက်ကြည့်နေရသည်။ နောက်မှကားက ရှေ့မီးကြီးကို ထွန်း၍ မောင်းသည့်အခါတွင် ကျွန်တော် ပို၍ ရှင်းလင်းစွာမြင်ရသည်ဟု ခံစားရသည်။ နောက်ဆုံး ကျွန်တော်သူငယ်ချင်းက ကားကို လွှဲပြောင်းမောင်းနှင် သောအခါ ကျွန်တော်စိတ်သက်သာသွားသည်။ သူမောင်းမှ ကျွန်တော်သည် ရှေ့မီးကြီးကို ဖွင့်မောင်းရမည့်အစား နှင်းခွဲမီးကိုသာ ဖွင့်၍မောင်းခဲ့သည်ကို သူတွေ့ရှိခဲ့သည်။
၁၁၉ ခု မြောက်သောဆာလံသည် ကျွန်တော်တို့၏နေ့စဉ်အသက်ရှင်ခြင်း၌ ဘုရားသခင်၏နှုတ်ကပတ်တော် အလင်းပေးနေခြင်းကို သိရှိခံစားရသူတစ်ဦးက ပြောင်မြောက်စွာ ရေးဖွဲ့သီကုံးထားသည့်ဆာလံဖြစ်သည်(း၁၀၅)။ သို့သော် ညအမှောင်…
မေးခွန်းများနှင့် ၀တ်ပြုကိုးကွယ်ခြင်း
ခရီးရှည်ဖြစ်စေ၊ ခရီးတိုဖြစ်စေ ခရီးသွားဖော်တစ်ယောက်ယောက်မှ ‘‘ရောက်တော့ မှာလား’’ ‘‘ဘယ်လောက်လိုသေးလဲ’’ စရှိသည်ဖြင့် မေးတတ်ကြသည်မှာ မဆန်းပါ။ ကလေးများမှအစ လူကြီးများအဆုံး ခရီးဆုံးကိုရောက်ချင်ဇောဖြင့်မေးသည့်မေးခွန်း၊ တစ်လောကလုံး မေးနေကြမေးခွန်းကို မကြားဖူးသူများ ရှိပါသလား။ မဆုံးနိုင်သော ဘ၀၏လောကဓံ စိန်ခေါ်မှုများကြောင့် ပူပင်သောက ရောက်ကာ အလားတူ မေးခွန်းများကို အသက်အရွယ်မရွေး လူတိုင်း မေးတတ်ကြသည်။
၎င်းသည် ဆာလံ ၁၃တွင် ဖော်ပြသည့် ဒါဝိဒ် မင်းကြီး၏အကြောင်းပင်ဖြစ်သည်။ ပထမကျမ်းပိုဒ်(၂)ပိုဒ်ထဲမှာပင် ဒါဝိဒ်မင်းကြီးက မည်မျှကြာအောင် အမေ့လျော့ခံ၊ အစွန့်ခံ၊ အနိုင်ခံရမည်နည်းဟု မည်မျှ ဟူသည့် စကားကို လေးကြိမ်တိုင်အောင် ဖော်ပြထားပါသည်။ အငယ် ၂ တွင် “အကျွန်ုပ်သည် အစဉ်ဝမ်းနည်းလျက် အဘယ်မျှကာလပတ်လုံး တွေးတောသောစိတ် ရှိရပါမည်နည်း’’ ဟု မေးထားပါသည်။ ယခုကဲ့သို့ ညည်းချင်း ဟန်ဖြင့် စပ်ဆိုထားသော ဆာလံကျမ်းမျိုးသည် ကျွန်ုပ်တို့အား ဘုရားရှင်ထံသို့…
ထာဝရဘုရား၏လူ
ယခုခေတ်၌ ဆေးမင်ကြောင်များ ခေတ်စား၊ ရေပန်းစားနေခြင်းကို အလွယ်တကူ သတိပြုမိနိုင်ပါသည်။ အချို့အရုပ်များက သေးလွန်းပြီး သတိမပြုမိတတ်သော်လည်း အားကစားသမားများမှအစ သရုပ်ဆောင်မင်းသားမင်းသမီးများနှင့် သာမန်လူတန်းစားအဆုံး ရောင်စုံဆေးမင်ကြောင်ဖြင့် ခန္ဓာကိုယ်တစ်ခုလုံး၌ စာလုံးများ၊ ဒီဇိုင်းပုံစံများကို ရေးထိုးကြသည်။ ပြောရမည်ဆိုလျှင် ၂၀၁၄ ခုနှစ်၌ ဆေးမင်ကြောင် ရေးထိုးသည့်လုပ်ငန်းမှ အသားတင် အမြတ်ငွေ ဒေါ်လာ ၃ ဘီလျံ၊ ဆေးမင်ကြောင်ပြန်ဖျက်သည့်လုပ်ငန်းမှ အပိုဝင်ငွေ ဒေါ်လာ ၆၆ မီလျံ အခွန်ငွေ ရရှိခဲ့သည်။
ဆေးမင်ကြောင်များနှင့် စပ်လျဉ်း၍ သင့်အမြင့် ခံစားချက် မည်သို့ပင်ရှိရှိ၊ ဟေရှာယ ၄၄ တွင် ‘‘ထာဝရ ဘုရား၏လူ’’ (း၅) ဟု လူတို့လက်ဖဝါး၌ စာထိုးခြင်း အကြောင်းကို ဖော်ပြထားသည်။ ရွေးချယ်တော်မူသည့် သူတို့အား (း၁) ကိုယ်တော်၏ ဂရုပြုမှုအကြောင်း ဖော်ပြသည့် ထိုကျမ်းပိုဒ်တွင် မိမိကိုယ်တိုင် စာထိုးခြင်း အကြောင်းက…